ဖန်ဆင်းခြင်းအားဖြင့် ဖွင့်ပြသည်

မေလခေါင်းစဥ် | ဖန်ဆင်းခြင်း

ဓမ္မသီချင်း ၁၉၀၁ “ခမည်းတော်ကမ္ဘာကျူး”တွင် သင်းအုပ်နှင့် ကဗျာဆရာဖြစ်သူ မော့ထ်ဘီဘက်ခေါ့က သူမကြာခဏ လမ်းလျှောက်ထွက်တိုင်း ခံစားမွေ့လျော်ခဲ့သည့် အံ့မခန်းသောမြင်ကွင်းရှုခင်းများ၏ဖမ်းစားမှုကို ရေးဖွဲ့ခဲ့သည်။ ကောင်းကင်၊ ပင်လယ်၊ ဖန်ဆင်းခြင်းသတ္တဝါ ..... ဘုရားသခင်၏တည်ရှိမှုမျက်မှောက်တော်ကို ခံစားရခြင်းကို ဖွဲ့နွဲ့လျက်…

အကြွေး မရှိတော့ပါ

ဆရာဝန်တစ်ဦးသည် ကင်ဆာလူနာများကို နှစ်ပေါင်း ၃၀ နီးပါး ကုသပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့သည်။ သူ့ဆေးခန်း၏ဘဏ္ဍာရေးကိစ္စရှင်းတမ်းအတွက် ငွေစာရင်းကုမ္ပဏီတစ်ခုနှင့် လုပ်ဆောင်ရင်း လူတို့ သူ့အား ပြန်ဆပ်ရန်ရှိသည့် အကြွေး ဒေါ်လာ ၆၅၀,၀၀၀ ကို လျှော်ပေးရန် ဆုံးဖြတ်ခဲ့သည်။ “ကျွန်တော့်အနေနဲ့ ဖျားနာနေတဲ့ လူနာတွေရဲ့ကျန်းမာရေးကိုသာမက သူတို့ရဲ့မိသားစု၊ အလုပ်အကိုင်နဲ့ ငွေကြေးကိစ္စတွေကိုပါ စိတ်ပူပန်လို့ အမြဲစိတ်မသက်မသာ ခံစားခဲ့ရတယ်။ အဲဒီအရာကြောင့် စိတ်ထဲမှာ အမြဲတမ်း စနိုးစနှောင့် ဖြစ်ခဲ့ရတယ်”ဟု သူက တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ရှင်းပြခဲ့သည်။

ငွေရေးကြေးရေးအကြွေးကိစ္စကို ကျွန်မတို့ထဲထဲဝင်ဝင် မကြုံခဲ့ဖူးသည့်တိုင် ဝိညာဉ်ရေးတွင် အလားတူတစ်စုံတစ်ခုကို တွေ့ကြုံခံစားခဲ့ကြရသည်။ သမ္မာ ကျမ်းစာက အပြစ်ကို“အကြွေး”နှင့် နှိုင်းယှဉ်ထားပြီး(မ ၆:၁၂)၊ ဘုရားသခင်ထံတင်နေသည့် အကြွေးကို ပြန်ဆပ်ရန် ကျွန်မတို့၌ နည်းလမ်းမရှိဟုလည်း ဖော်ပြထားသည်။ ပရဟိတအတွက် ငွေလှူဒါန်းခြင်း၊ အခြားသူများကို အစေခံခြင်း၊ သို့မဟုတ် ဘုရားသခင်နှင့်…